Apologizing for mistakes

Apologizing for mistakes

အမှားကို တောင်းပန်တတ်ခြင်းအလုပ်လုပ်နေတဲ့သူတိုင်းဟာ အလုပ်ခွင်မှာ တစ်ကြိမ်ကြိမ်တော့ အမှားဆိုတာ လုပ်မိတတ်ကြတယ်။ အမှားမလုပ်ဘူးတဲ့သူဆိုရင်တော့ ဘာမှမလုပ်တဲ့သူလို့ သတ်မှတ်နိုင်တယ်။ ဒါပေမယ့် အမှားကိုတော့ လူတိုင်း ဝန်မခံတတ်ကြဘူး။ အမှားကို ဝန်ခံတောင်းပန်ဖို့ ဝန်လေးတတ်ကြတယ်။ တကယ်လို့ တောင်းပန်တယ်ဆိုရင်လည်း ပြီးပြီးရောတောင်းပန်တတ်ကြတယ်။ ကိုယ့်ကြောင့်ဆိုတာထက် တစ်ဖက်လူကြောင့်ဆိုတာမျိုးကို အတင်းဆွဲတွေးပြီး ကိုယ့်အမှားကို ဖော့တတ်ကြတယ်။ သူလည်းမှားတာပဲဆိုတာမျိုးက တကယ်စိတ်ပါလက်ပါ တောင်းပန်တာမျိုးမဟုတ်ပါဘူး။အမှားကို မတောင်းပန်တတ်တဲ့သူက တကယ်တော့ ပျော့ညံ့တဲ့ လူပျော့သာဖြစ်တယ်။ အတွင်းစိတ် သိမ်ငယ်တတ်တဲ့သူအများစုက ကိုယ့်အမှားကို မတောင်းပန်တတ်ကြဘူး။ စိတ်လုံခြုံမှုမရှိတဲ့သူတစ်ယောက်ဟာ ကိုယ့်အားနည်းချက်ကို ဖုံးဖိထားချင်တာကြောင့် အမှားလုပ်မိရင်တောင် ဝန်မခံတတ်ကြဘူး။အလုပ်လုပ်နေတဲ့ ဝန်ထမ်းအချင်းချင်းကြားမှာ သူ့ဘက် ကိုယ့်ဘက်ဆိုတာရှိတယ်။ ကိုယ့်ဘက် ကိုယ့်အကျိုးတစ်ခုတည်း အာရုံစိုက်လို့ မရပါဘူး။ လူတွေဟာ အမှတ်သညာကြီးတဲ့သဘောရှိတယ်။ တစ်ချိန်ချိန်မှာ ကိုယ့်အလှည့်ဆိုတာ ပြန်ရောက်လာနိုင်တယ်။ အချင်းချင်းကြားမှာ ဆက်ဆံရေးတစ်ခုခု ပျက်စီးနေတယ် ယိုယွင်းနေတယ်ဆိုတာဟာ သူ့ဘက် ကိုယ့်ဘက်ထည့်မတွက်မိတာကြောင့်ပါ။ကိုယ့်အမှားကို တောင်းပန်တတ်ခြင်းဆိုတာက အလုပ်ခွင်မှာ အဆင်ပြေစေမယ့် အရေးပါတဲ့အချက်တစ်ခုပါ။ ကျွန်တော့်လုပ်ရပ်အတွက် တောင်းပန်ပါတယ်။ အမှားအတွက် တာဝန်ယူပါတယ်ဆိုပြီး စိတ်ထဲကနေ လှိုက်လှိုက်လှဲလှဲ တောင်းပန်တတ်ဖို့လိုပါတယ်။

Post a Comment

Testimonials

Cookies

This website uses cookies to ensure you get the best experience on our website.

Accept